အားလုံးပဲ မင်္ဂလာပါ... 
အခုကျနော်ပြောမဲ့အကြောင်းအရာကတော့Google ရဲ့ Service တွေဖြစ်တဲ့ 
keep.google.com နဲ့ drive.google.com ပဲဖြစ်ပါတယ်. ဒီ၂ခုကိုသုံးဖို့အတွက် လိုအပ်တာ၁ခုပဲရှိပါတယ်။ အဲ့တာကတော့ gmailပါ။ သုံးမယ်ဆိုရင် gmail တစ်ခုရှိဖို့ပဲလိုပါတယ်။ယနေ့ခေတ်မှာဆိုရင် လူတိုင်းမှာ အနည်းဆုံး gmail တစ်ခုတော့ရှိနေကြမှာပါ (facebook အကောင့်တောင် ၂ခု ၃ခု ရှိနေကြသေးတာပဲလေ)။ အိုကေ ဒါဖြင့် အဲ့၂ခုကဘာတွေလဲ??? keep.google.com သူကလူကြီးမင်းတို့ဖုန်းမှာပါတဲ့ Notepad လိုပါပဲ။စာတွေ ဘာညာသာရကာနေကြာကွာစိ မှတ်ထားလို့ရပါတယ်။ drive့ တော့ အားလုံးသိတဲ့အတိုင်းပါပဲ ပုံတွေ video ဖိုင်တွေ တင်ပြီးသိမ်းထားလို့ရပါတယ်။ဆိုတော့ ဘာလို့ဒါတွေသုံးနေမှာလဲ ဖုန်းမှာရှိနေတာပဲ လို့ပြောစရာရှိပါတယ်။ဟုတ်ပြီ ကိုယ့်ဖုန်းပျောက်ဆုံး (သို့) ပျက်ဆီးသွားတဲ့အခါ ပဲဖြစ်ဖြစ်။ မဖြစ်သာလို့ reset ချရတော့မယ်တို့ storage မလောက်တာ့ဖူး ပုံတွေ video တွေကလည်းအရေးကြီးတယ် ဖျက်လို့မဖြစ်ဖူး ရတယ် drive.google မှာသွားတင်ထားလိုက်။ ထို့အတူ noteတွေမှတ်မယ်။ ဖုန်းနံပါတ်တွေ ကိုယ့်ရဲ့အရေးကြီး password တို့။ ကျောင်းသားတွေအတွက် noteလေးတွေ  links တွေကို keep.google.com မှာ သွားတင်ထားလို့ရပါတယ်။ တကယ်လို့များ ကိုယ်ကတခြားမြို့ရောက်နေပြီ အရေးကြီးတာတွေက computer (or) ဖုန်းထဲမှာများကျန်ခဲ့တယ်ဆိုရင် သင်ပဲစိတ်ညစ်ရမှာပါ။keep တို့drive တို့မှာသိမ်းထားမယ်ဆိုရင် ကြိုက်တဲ့နေရာသွား ကြုံတဲ့ computer (or) phone မှာ keep.google.com ( or ) drive.google.comလို့ရိုက် ကိုယ့်ရဲ့gmail ၀င်လိုက် သင်သိမ်းထားတာတွေကအဆင်သင့်ရှိနေမှာပါ။ ကူးယူလိုက်ရုံပါပဲ။ Note တစ်ခုခုမှတ်ထားတယ် ကိုယ်မေ့သွားတယ် keep မှာသိမ်းထား ဘယ်နေ၇ာရောက်ရောက် အေးဆေးပဲပေါ့။ 
keep ကိုသုံးမယ်ဆိုရင်တော့ keep.google.com လို့ browser မှာရိုက်ပေးလိုက်ရုံပါပဲ
drive ဆိုရင်တော့ drive.google.com ပေါ့ ။သူ့ သက်ဆိုင်ရာ website ကိုသွား ပြီးရင် ကိုယ့် gmail ကို login ၀င်ပေးလိုက်ရုံပါပဲ သုံးရတာသိပ်လွယ်တယ် ပြီးတော့ google ကဖြစ်တာကြောင့် interface ကောင်းပါတယ် ဒါကြောင့်သုံးရတာလွယ်ကူပါတယ်။drive က pcloud တို့ dropbox တို့လိုပါပဲ သူက 15GB  ပေးထားပြီးသားပါ storage ထပ်လိုချင်ရင်တော့ ၀ယ်ရမှာပါ။  အားလုံးပဲအဆင်ပြေကြပါစေ



keep.google.com
drive.google.com




Comments

Popular posts from this blog

What is Wordpress??? (Part - 1)