What is Wordpress??? (Part - 1)

Wordpress

Wordpress ဆိုတာ CMS (Content Management System) တစ်ခုဖြစ်ပါတယ်။ Wordpress ကို PHP /Mysql တို့နဲ့ ရေးသားထားပြီး Free ရနိုင်တဲ့ Open Source တစ်ခုဖြစ်ပါတယ်။CMS (Content Management System) တစ်ခုဖြစ်တဲ့အတွက် Website ကို အစအဆုံး code ရေးစရာမလိုပါဖူး။လိုချင်တဲ့ contentကို တန်းထည့်လိုက်ရုံပါပဲ(ပျော်ဖို့လဲမကောင်းဖူးနော့) ။Wordpress ရဲ့ ပုံစံဟာ blogging ပုံစံ website တွေနဲ့ ပိုပြီးနီးစပ်တယ်ဆိုပေမဲ့ တခြား အမျိုးမျိုးသော website ပုံစံတွေလည်း ဖန်တီးလို့ရပါတယ်။ဥပမာ - Portfolio, Ecommerce, Online Stores အစရှိသဖြင့် မိမိ လိုသလို ဖန်တီးလို့လည်းရပါတယ်။ ဘာလို့လဲ ??? Open Source ဖြစ်တာကြောင့်ပါ။ကိုယ့်စိတ်ကြိုက်ပြင်လို့ရသလို မိမိက Web နဲ့ပက်သတ်ပြီး Knowledge အနည်းငယ်ပဲရှိတယ်ဆိုရင်တောင်  အဆင်ပြေပြေ နဲ့ website တစ်ခု ဖြစ်အောင် လုပ်လို့ရပါတယ် ။Wordpress မှာ အသင့်ရေးထားပြီးသားဖြစ်တဲ့ Templates တွေ Plugins တွေ သုံးလို့ရပါသေးတယ်။

Templates

Templates ဆိုတာကတော့ Website အတွက် Themes တွေပါပဲ။ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကာလာ ဘာညာအနေအထားတွေကို Down ပြီး Active လုပ်ပေးလိုက်ရုံပါပဲ။တချို့ Themes တွေကတော့ Free ပေးထားပြီး တချို့ကတော့ အလကားမရပါဖူး။ဝယ်သုံးကပါတယ်၊ ဝယ်သုံးကတဲ့  Themes တွေကတော့ ဒီဇိုင်းဘာညာတွေ ပိုကောင်းတာပေါ့။

Plugins

Pluginsဆိုတာကတော့ ဘာနဲ့တူလဲလို့ပြောရရင် ဥပမာ- Wordpress သာ ဖုန်းတစ်လုံးဖြစ်ခဲ့မယ်ဆိုရင် Plugins ဆိုတာ သင်တို့ထည့်မယ့် Software တွေပေါ့။ Website ထဲမှာထည့်မယ့် ၊လိုမယ့် Feature တွေ သင်ရေးနေစရာမလိုပါဖူး။(Eg. Slider/Gallery/Layout Builder/Animation and so on ...)လိုချင်တဲ့ Feature နဲ့သက်ဆိုင်တဲ့ Plugin တွေ down ပြီး activate လုပ်ပေးလိုက်ရုံပါပဲ။သူလည်းပဲ Free ရတာရှိသလို တချို့ကလည်း ရောင်းပါတယ်။

Wordpress ဟာ သုံးရလွယ်တယ် productivity ဖြစ်တယ် Maintain လုပ်ကတာလည်း အဆင်ပြေတယ်။Wordpress နဲ့ Website တစ်ခုကို မိနစ်ပိုင်းအတွင်း ဖန်တီးလို့ရပါတယ်။Version အသစ်အသစ်တွေထွက်တာကြောင့် သုံးရတာပိုကောင်းပါတယ်။Wordpress လို CMS တွေ အများကြီးရှိပါသေးတယ် (Drupal, Joomla, Vanilla, Elgg,  etc ...)Wordpress ဟာ လူသုံးအများဆုံး CMS တစ်ခုဖြစ်ပါတယ်။Wordpress ကို
https://wordpress.org/download/ မှာ အခမဲ့ download လုပ်လို့ရပါတယ်။

အခုပြောသွားတဲ့အကြောင်းရာတွေဟာ Beginner တွေနဲ့ Wordpress အကြောင်းမသိသေးတဲ့သူတွေအတွက်ပါ။ Wordpress မှာ ဘာတွေ ပါတယ် ဘယ်လိုလုပ်လို့ရတယ် ဆိုတာတွေ Part -2  မှာ စောင့်ကြည့်ပေးကြပါဦးလို့ ပြောရင်းနဲ့ပဲ Good Night ပါ ဘော်ဘော်တွေရေ <3



Comments

Popular posts from this blog